TOEIC ဆိုသည်မှာ စီးပွားရေးသုံး အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဖြစ်ပြီး အမေရိကန်နိုင်ငံရှိ Educational Testing Service (ETS) စာစစ်ဌာနမှ ကျင်းပပေးခြင်း ဖြစ်ပါသည်။ အများအားဖြင့် TOEIC အမှတ်သည် ကုမ္ပဏီကြီးများ အလုပ်လျှောက်ရာတွင် လည်းကောင်း၊ တက္ကသိုလ် ဝင်ခွင့်လျှောက်ရာတွင် လည်းကောင်း ဤစာမေးပွဲတွင် ရရှိသောအမှတ်လက်မှတ်သည် များစွာ အရေးပါသည်။ စာမေးပွဲအချက်အလက်ကို အောက်ပါအမျိုးအစား အပိုင်း (3) ပိုင်းဖြင့်ခွဲခြား စစ်ဆေးလေ့ရှိသည်။
1. TOEIC Listening and Reading test
အဓိကအားဖြင့် စီးပွားရေး (သို့) လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ နားထောင်မှုပိုင်း နှင့် ဖတ်ကြားခြင်းအပိုင်း၏ ကျွမ်းကျင်မှု အရည်အချင်း ကို ဦးစားပေး စစ်ဆေးခြင်းဖြစ်သည်။ မေးခွန်းအားလုံးပေါင်း 200 ခုတွင် နားထောင်မှုအပိုင်း 100 ခု၊ ဖြေဆိုချိန် 45 မိနစ်ပေးထားသည်ဖြစ်၍ ဖတ်ကြားခြင်းအပိုင်း 100 ခု၊ ဖြေဆိုချိန် 75 မိနစ် ဖြစ်ပြီး စုစုပေါင်းဖြေဆိုချိန်မှာ 2 နာရီဖြစ်ပါသည်။ မိမိကိုယ်ရေးကိုယ်တာအချက်အလက် ဖြည့်စွက်ရမည့် နောက်ထပ်ရထားသည့်အချိန်မှာ 30 မိနစ်ဖြစ်သောကြောင့် စာမေးပွဲခန်းတွင် နောက်ဆုံး အားလုံးစုစုပေါင်း နေရသည့်အချိန်မှာ 2 နာရီ 30 မိနစ်ဖြစ်ပါသည်။ ဤစစ်ဆေးရေးအတွက် စုစုပေါင်းအမှတ်ပြည့်မှာ 990 မှတ် ဖြစ်၍ တစ်ပိုင်းစီ 495 မှတ်ဖြစ်ပါသည်။
2. TOEIC Speaking and Writing tests
အဓိကအားဖြင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ စကားပြောခြင်း နှင့် ရေးသားခြင်း ၏ ကျွမ်းကျင်မှု အရည်အချင်း ကို ဦးစားပေး စစ်ဆေးခြင်းဖြစ်သည်။ စကားပြောခြင်းအပိုင်း စစ်ဆေးရာမှာ မေးခွန်းပေါင်း 11 ခု၊ အမှတ်ပြည့် 200 မှတ်၊ နှင့် ဖြေဆိုချိန် 20 မိနစ်ပေးထားပါသည်။ ရေးသားခြင်းအပိုင်းမှာ မေးခွန်းပေါင်း 8 ခု၊ အမှတ်ပြည့် 200 မှတ်အတူတူပေးထားပြီး ဖြေဆိုချိန်မှာ 60 မိနစ် ပေးထားပါသည်။
3. TOEIC Bridge test
အခြေခံ မှ အလယ်အလတ်အဆင့်ထိ အင်္ဂလိပ်စာ၏ ကျွမ်းကျင်မှု အရည်အချင်းစစ်ဆေး စာမေးပွဲဖြစ်ပြီး မိမိအင်္ဂလိပ်စာသည် မည်သည့်အဆင့်တွင် ရှိနေသလဲကို သိရှိရနိုင်ခြင်းကြောင့် အင်္ဂလိပ်စာကို မည်သည့်နည်းမျိုးတို့ ဆက်လက်လေ့လာသွားမည်လဲဆိုတာကို လမ်းခင်းပေးခြင်းဖြစ်ပါသည်။ ဤမေးခွန်းတွင် နားထောင်မှုအပိုင်း မေးခွန်း 50 ခု နှင့် ဖတ်ခြင်းအပိုင်း နှင့် သဒ္ဒါ (Grammar) အပိုင်းပေါင်း မေးခွန်း 50 ခုဖြစ်ပြီး အပိုင်းချင်းစီအတွက် အမှတ်မှာ 20-180 မှတ်ထိ အသီးသီးရှိကြပါသည်။
TOEIC Listening and Reading test ၏ပြုပြင်ပြောင်းလဲမှု မေးပုံမေးနည်းလေ့လာကြည့်ခြင်း
TOEIC Listening and Reading test ၏မေးခွန်းသည် 2018 ခုနှစ်ကတည်းက EST စာစစ်ဌာနသည် နဂိုမူရင်းအဟောင်းပုံစံမေးခွန်းမှ အကြောင်းအရာသစ်မေးခွန်းပုံစံသို့ စတင်ပြောင်းလဲမှုမေးထားတာ တွေ့ရှိရပါသည်။ နိုင်ငံအသီးသီးအတွက် မတူညီသော မေးခွန်းပုံစံသစ်ကို စတင်မေးလာသည့်အတွက်ရှိနိုင်ပြီး အောက်ပါဇယားဖြင့် ပြောင်းလဲမှု အချက်အလက် အကျဉ်းချုပ်ကို ဖော်ပြထားပါသည်။
TOEIC Listening and Reading test | |||
နဂိုမူရင်းအဟောင်းပုံစံမေးခွန်း Listening Section မိနစ် 45 |
ပြန်လည်ပြုပြင်ပြောင်းလဲပြီးမေးခွန်း Listening Section မိနစ် 45 |
||
1. Photographs | 10 ခု | 1. Photographs | 6 ခု |
2. Question-Response | 30 ခု | 2. Question-Response | 25 ခု |
3. Conversations – 10 conversations – 3 questions per conversation |
30 ခု | 3. Conversations – 13 conversations – 3 questions per conversation |
39 ခု |
4. Talks – 10 talks – 3 questions per talk |
30 ခု | 4. Short Talks – 13 talks – 3 questions per talk |
30 ခု |
စုစုပေါင်း Listening Section | 100 ခု | စုစုပေါင်း Listening Section | 100 ခု |
နဂိုမူရင်းအဟောင်းပုံစံမေးခွန်း Reading Section 75 မိနစ် |
ပြန်လည်ပြုပြင်ပြောင်းလဲပြီးမေးခွန်း Reading Section 75 မိနစ် |
||
5. Incomplete Sentences | 40 ခု | 5. Incomplete Sentences | 30 ခု |
6. Text Completion | 12 ခု | 6. Text Completion | 16 ခု |
7. Reading Comprehension – Single Passage (2–5 questions per passage) |
28 ခု | 7. Reading Comprehension – Single Passage (2–4 questions per passage) |
29 ခု |
– Double Passages | 20 ခု | – Double Passages – Triple Passages |
10 ခု 15 ခု |
စုစုပေါင်း Reading Section | 100 ခု | စုစုပေါင်း Reading Section | 100 ခု |
TOEIC မေးခွန်း အပိုင်းချင်းစီ၏ ဘယ်ပုံဘယ်နည်း မေးထားလေ့ရှိသလဲ
1. TOEIC Listening and Reading test
1.1. Listening Section ဤနားထောင်မှုအပိုင်းတွင် အောက်ပါမေးခွန်းခေါင်းစဉ်ပေါင်းများ ဖွဲ့စည်းထားပါသည်။
– Photographs သည် ထိုမေးခွန်းချက်တွင်ပါရှိနေသော ဓါတ်ပုံနှင့်ပတ်သက်သည့်စာသား(4)ခုကို ကြားရခြင်းအပိုင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုဓါတ်ပုံ၏ ဖွင့်ဆိုစာသားအဓိပ္ပါယ်ကို အမှန်ကန်ဆုံးနှင့် ကောင်းစွာသေချာရွေးချယ်ပေးရပါမည်။
– Question-Response သည် နားထောင်ခြင်းတစ်ခုချည်းကိုသာဦးစားပြီး မည်သည့် ဓါတ်ပုံ (သို့) စာသားများ တွဲပါခြင်းမရှိပါ။ အဓိကအားဖြင့် ကျွန်ုပ်တို့သည် မေးခွန်း၏ ပြောစကားသံကိုကြားရခြင်း (သို့) ပြောစကားသံနှင့်တကွ ရွေးချယ်စရာ ပေးထားသောအချက် (3) ချက်ကို ယင်းမေးခွန်း (သို့) ပြောစကားသံနှင့် အမှန်ကန်ဆုံး လိုက်ဖက်အောင် ရွေးပေးရပါမည်။
– Conversations ဤအပိုင်းတွင် လူ (2)ယောက်မှ (3)ယောက်ထိ (သို့) လူ (3)ယောက်ထက်ရှိသည့် စကားစမြည်ပြောခြင်း(Conversation) ကိုကြားရပါသည်။ ထိုအချက်အလက်ကို နားထောင်မှတ်သားထားပြီး မေးခွန်းစာရွက်ပေါ်မှာ ဖြေကြားပေးခြင်းဖြစ်ပါသည်။ Conversation တစ်ခုကိုအသုံးပြု၍ မေးခွန်း (3) ခုလောက် ဖြေဆိုပေးနိုင်သည်။
– Talks ဤအပိုင်းတွင် လူ တစ်ဦးတည်းကိုသာ စကားပြောသံကြားရပါသည်။ ထိုအချက်အလက်ကို နားထောင်မှတ်သားထားပြီး မေးခွန်းစာရွက်ပေါ်မှာ မှန်ကန်စွာ ဖြေကြားပေးခြင်းဖြစ်ပါသည်။ စကားပြောခြင်းတစ်ခုကို အသုံးပြု၍ မေးခွန်း (3) ခုထိ ဖြေဆိုပေးနိုင်သည်။
1.2. Listening Section
– Incomplete Sentences ဤအပိုင်းတွင် ဖြေဆိုနိုင်ဖို့ အင်္ဂလိပ်စာ သဒ္ဒါ(Grammar) နှင့် ဝေါဟာရ (Vocabulary) အထူးအများအပြား ကျွမ်းကျင်ဖို့ လိုပါသည်။ မေးခွန်းဝါကျ မေးထားလာသည်ကို အပြည့်စုံဆုံးနှင့် အမှန်ကန်ဆုံးဖြစ်သော အဖြေကို ရွေးချယ်ပေးရခြင်း ဖြစ်ပါသည်။
– Text Completion ဤအပိုင်းတွင် အထက်ကလို ပုံစံတူဖြစ်ပြီး ထပ်ဖြည့်ပါလာတွေကတော့ မေးခွန်းဝါကျကို ပိုရှည်ထားသည်ဖြစ်သည့်အတွက် ဖြေဆိုသူသည် ထိုပိုမိုရှည်လာသည့်ဝါကျမျိုးကို နားလည်သဘောပေါက်အောင်လိုပြီး ထိုစာပုဒ်တွင် ဝါကျများပုံစံသည် အကြောင်းအရာ အဆက်အဆက် ဆက်စပ်ထားသည်မျိုးဖြစ်သည့်အတွက် ဖြေဆိုသူ ပိုပြီး ဂရုစိုက်ပေးရပါသည်။
– Reading Comprehension ဤအပိုင်းတွင် ဖတ်ကြားခြင်းကို အရင်ကထက် ပိုမိုများလာပြီး မေးခွန်းပိုင်းမှာ စာပုဒ်ဆောင်းပါးတို၊ စာပုဒ်ဆောင်းပါးရှည် နှင့် ဟိုထပ်ဒီထပ်ရှုပ်ထွေးသောစာပုဒ်ဆောင်းပါး ဟူ၍ သုံးမျိုးရှိနိုင်ပါသည်။ ထိုစာပုဒ်ဆောင်းပါးအမျိုးမျိုးတို့ကို ဖြေဆိုသူ ဖတ်ကြားရပြီး မေးခွန်းဖြေဆိုပေးရပါသည်။ ဖတ်ကြားလိုရန် မေးထားသည့် အကြောင်းအရာပိုင်းမှာ ဆောင်းပါး၊ မှတ်သားစာ၊ ကြေညာစာတမ်း၊ အီးမေးလ်၊ တွေ့ဆုံရန်ချိန်းဆိုချက်၊ အလုပ်စာရင်းဇယားအမျိုးမျိုးတို့ပါဝင်သည်။ အကြောင်းအရာတစ်ပုဒ် ဖတ်ကြားရာတွင် မေးခွန်း (1) ခုထက်ပိုသည့် ဖြေဆိုပေးရခြင်း ဖြစ်ပါသည်။
2. TOEIC Speaking and Writing tests
2.1 Speaking Section ပိုင်းတွင် အောက်ပါ မေးခွန်းပုံစံများ ပါဝင်လေ့ရှိသည်။
– အချက် 1 – 2 အတွက် အသံထွက် ဖတ်ကြားခြင်းအပိုင်းဖြစ်ပြီး ဝါကျ (သို့) စာသားများ ပေးဖတ်ခိုင်းပါသည်။ ဤအပိုင်းဖြေဆိုရာတွင် ပြင်ဆင်ချိန် 45 စက္ကန့်ပေးထားပြီး ဖြေဆိုပြချိန် 45 စက္ကန့်လောက်ပေးထားပါသည်။
– အချက် 3 အတွက် ပုံတွင် အကြောင်းအရာကို ရှင်းလင်းဖော်ပြရပြီး ပြင်ဆင်ချိန် 30 စက္ကန့်ပေးထား၍ ဖြေဆိုပြချိန် 45 စက္ကန့်လောက်ပေးထားပါသည်။
– အချက် 4 – 6 အတွက် အမေးကို ဖြေပေးရပါသည်။ ပထမအချက် 4 နှင့် 5 ဤနှစ်ချက်သည် မေးခွန်းအရမ်းခက်ခဲခြင်း မဟုတ်သည့်အတွက် ဖြေဆိုပြချိန် 15 စက္ကန့်လောက်ပေးထားပြီး အချက် 6 အတွက် ဖြေဆိုပြချိန် 30 စက္ကန့်လောက်ပေးထားပါသည်။
– အချက် 7 – 9 အတွက် ပိုမိုရှုပ်ထွေးခက်ခဲသည့်မေးခွန်းကို ဖြေပေးရခြင်းဖြစ်ပါသည်။ ပေးထားသော အကြောင်းအရာကို အသုံးပြု၍ ဖြေဆိုခြင်း မျိုးဖြစ်ပါသည်။ ထိုပေးထားသော အကြောင်းအရာကို ဖတ်ချိန် နှင့် လေ့လာချိန် 30 စက္ကန့်ပေးထား၍ မေးခွန်း အချက် 7 -8 အတွက် ဖြေဆိုချိန် အချက်တစ်ချက်စီ 15 စက္ကန့်ပေးထားသည်။ အချက် 9 အတွက် ဖြေဆိုချိန် 30 စက္ကန့်ပေးထားသည်။
– အချက် 10 အတွက် ပြဿနာဖြေရှင်းနည်းလမ်း ရှိမရှိ စွမ်းရည်ကို စစ်ဆေးခြင်းဖြစ်ပါသည်။ ဤအပိုင်းသည် အခက်ခဲဆုံးဖြစ်ပြီး စစခြင်းမှာ ပြဿနာဖြစ်သည့် မေးခွန်းမျိုးကို ဖြေရှင်းဖို့ ကြုံတွေ့ရပါမည်။ ဖြေရှင်းဖို့ပြင်ဆင်ချိန် 30 စက္ကန့်ပေးထားပြီး ဖြေဆိုပြချိန် 30 စက္ကန့်ပေးထားပါသည်။ သတိထားရမည့်အချက်မှာ မိမိအဖြေသည် ထိုပြဿနာဖြေရှင်းဖို့ နားလည်ပေးဖို့ မှန်ကန်ထိရောက်စေရမည်ဖြစ်ပြီး မိမိပြောထွက်သောဖြေရှင်းနည်းလမ်းသည် ပြဿနာဖြေရှင်းသည့် နည်းပြ၊ နည်းလမ်းဖြစ်စေရမည်။ အခြားမသက်ဆိုင်သောအကြောင်းအရာမျိုးကို လျှော့ချဖြေဆိုပေးပါရန် သို့မဟုတ်လျှင် ရမှတ်ကောင်းမရစေခြင်းဘဲ ဖြစ်ပါသည်။
– အချက် 11 အတွက် ဤအပိုင်း၏ နောက်ဆုံးမေးခွန်းဖြစ်ပြီး ရရှိထားသောခေါင်းစဉ်ကို ထင်မြင်ချက်၊ ဝေဖန် သုံးသပ်ချက် ဖြေဆိုပြ ပေးရပါသည်။ ပြင်ဆင်ချိန် 15 စက္ကန့်ပေးထားသော်လည်း ဖြေဆိုပြချိန်မှာ 60 စက္တန့်ထိ ပေးထားပါသည်။
2.2 Writing Section အပိုင်းတွင် အောက်ပါမေးခွန်းများ ပါဝင်ထားသည်။
– အချက် 1 – 5 အတွက် ထိုဓါတ်ပုံနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာကို ရေးပေးရပါသည်။ မေးခွန်းပုစ္ဆာမှ သက်မှတ်ထားသည့် စကားလုံး (သို့) ပုဒ်စု တို့ကို အသုံးပြု၍ ထိုရေးသားဖြေဆိုမှုနေရာတွင် ပါရှိပေးရပါမည်။
– အချက် 6 – 7 အတွက် မေးခွန်းပုစ္ဆာမှ တောင်းဆိုသည်ကို လိုက်ရေးပေးရပါမည်။ မေးခွန်းပုစ္ဆာမှ သက်မှတ် တောင်းဆိုလိုအပ်မှုတို့ကို ဖြည့်ဆည်း တုန့်ပြန်နိုင်စွမ်းရှိရမည်။ အများအားဖြင့် အီးမေးလ် စာပြန်ခြင်းမျိုးဖြစ်ပြီး မေးခွန်းပုစ္ဆာ ဖတ်ခြင်း နှင့် အဖြေရေးပေးခြင်း တို့ကို 10 မိနစ် အချိန်ပေးထားပါသည်။
– အချက် 8 အတွက် Writing Section ၏ နောက်ဆုံးအပိုင်းဖြစ်ပါသည်။ မေးခွန်းများကို စာစီစာကုံးရေးသားဖြေဆို၍ ထင်မြင်ချက်၊ ဝေဖန် သုံးသပ်ချက်နှင့်တကွ အနည်းဆုံး ဝေါဟာရစကားလုံးပေါင်း 300 လုံးထိပါဝင်နေရပါမည်။
3. TOEIC Bridge test
ဤမေးခွန်းပိုင်းသည် TOEIC Listening and Reading အပိုင်းနှင့် အများဆင်တူနေပါသည်။ သို့သော် TOEIC Bridge test ၏မေးခွန်းပိုင်းသည် ယင်း TOEIC Listening and Reading ထက် လွယ်ကူပြီး မတူညီသော နားထောင်မှုပိုင်း(Listening) မေးခွန်းအချက် အမျိုးအစားမှာ Photographs 15 ခု , Question – Response 20 ခု နှင့် Short Conversations and Short Talks 15 ခုဖြင့် မေးထားခြင်းဖြစ်ပါသည်။ ဖတ်ကြားခြင်းအပိုင်း(Reading) သည် အများအားဖြင့် မေးခွန်းပုံစံ တူညီပြီး အဓိကမေးခွန်းအပိုင်းဖြစ်သည့် Incomplete Sentences 30 ခု နှင့် Reading Comprehension 20 ခု တို့ဖြင့် မေးထားခြင်းဖြစ်ပါသည်။
TOEIC စာမေးပွဲ ဖြေဆိုသည့်နေ့တွင် ပြင်ဆင်သွားသင့်သောအချက်များ
TOEIC စာမေးပွဲ ဖြေဆိုသည့်နေ့တွင် အောက်ပါ အချက်အလက်များ ပြင်ဆင်ယူသွားရမည်။
1. တရားဝင် မည်သူမည်ဝါဖြစ်ကြောင့် သက်သေပြကဒ်ပြား အရေအတွက် 2 မျိုး ( First Name , Last Name/Surname, လက်မှတ်ထိုး နှင့် ဓါတ်ပုံ ပါရမည်) အများအားဖြင့် နိုင်ငံတကာတွင် အသိအမှတ်ပြုလက်ခံသော ကဒ်မျိုးမှာ နိုင်ငံကူးလက်မှတ်(Passport)၊ နိုင်ငံသားမှတ်ပုံတင်(NRC) နှင့် စစ်သားမှတ်ပုံတင် တို့ဖြစ်ပါသည်။
2. 2B ခဲတံ 2 ချောင်း
3. အရေအသွေးကောင်း ခဲဖျက်
ဤထက်မက စာမေးပွဲနေ့ ဖြေဆိုရာတွင် တားဆီးချက်များလည်း ထပ်ရှိနေပါတေးသည်။ အချက်အလက်စုံကိုတော့ ဝက်ဘ်ဆိုဒ်တွင်ဝင်ကြည့်ပါ https://www.ets.org/toeic
TOEIC စာမေးပွဲကြေးက ဘယ်လောက်လဲ
TOEIC စာမေးပွဲကြေးအတွက် မတူညီသော နိုင်ငံအသီးသီးနှင့် မတူညီသော စာမေးပွဲအမျိုးအစား အလိုက် စာမေးပွဲစာရင်သွင်းခလည်း လိုက်ပြောင်းသွားနိုင်ပါသည်။ အကြောင်းအရာစုံကိုတော့ ဝက်ဘ်ဆိုဒ်တွင် လေ့လာနိုင်ပါသည် https://www.ets.org/epn_directory
စာရင်းသွင်းဖြေဆိုခြင်း
စာမေးပွဲတွင် စာရင်းသွင်းဖြေဆို လိုပါက နည်းလမ်းအသွယ်သွယ် လုပ်နိုင်ပြီး အချက်အလက်ပိုမို သိရှိလိုပါက ဝက်ဘ်ဆိုဒ်တွင် ဝင်ကြည့်လေ့လာနိုင်ပါသည် https://www.ets.org/toeic/test-takers