fbpx

chulatutor ก่อตั้งโดย พี่เปิ้ล อ.พรพรรณ

TOEFL

TOEFL ဆိုသည်မှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနှင့် ပတ်သက်သော အရည်အချင်း စစ်ဆေးမှု စာမေးပွဲစနစ် တစ်ခုပင်ဖြစ်ပြီး ကျင်းပပေးသည့် စာစစ်ဌာနမှာ ETS ခေါ် Educational Testing Service ပင်ဖြစ်ပါသည်။ TOEFL ၏ အရှည်ကောက်မှာ Test of English as a Foreign Language ဖြစ်ပြီး အင်္ဂလိပ်စာ 4 skills ဖြစ်သော နားထောင်ခြင်း(Listening), စကားပြောခြင်း(Speaking), ဖတ်ခြင်း(Reading), နှင့် ရေးသားခြင်း(Writing) ဟူ၍ ကျွမ်းကျင်မှုပိုင်းကို စစ်ဆေးခြင်းဖြစ်ပါသည်။ အများအားဖြင့် ယင်းအမှတ်ကို အသုံးပြု၍ ကျောင်းဆက်တက်ရန်အတွက်နှင့် အလုပ်လျှောက်ရန်အတွက်ဟူ၍ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ TOEFL စစ်ဆေးမှုမှာ အမျိုးအစား အကြောင်းအရာ ကွဲပြားခြင်းများ ရှိနေပါပြီး ဆက်လက်ဖော်ပြသွားပါမည်ဖြစ်ပါသည်။

 

TOEFL PBT ခေါ် TOEFL Paper-Based Test

စက္ကူစာရွက်ဖြင့် TOFEL စစ်ဆေးမှုကို ဖြေဆိုပေးရမှာဖြစ်ပြီး အမှတ်မှာ 310 – 677 မှတ်ထိ၊ ဖြေဆိုချိန်ပေါင်း 2 နာရီ 30 မိနစ်ပေးထားကာ ရွေးချယ်ဖြေဆိုခြင်း မေးခွန်းမျိုးဖြစ်သည့် အောက်ပါအပိုင်းခွဲများ ပါဝင်ထားခြင်း ဖြစ်သည်။

1. Listening comprehension: အင်္ဂလိပ်ဘာသာစကား၏ နားထောင်ခြင်း စွမ်းရည်ကို စစ်ဆေးခြင်းအပိုင်းဖြစ်ပြီး ပေးနားထောင်သည့် အကြောင်းအရာမှာ တက္ကသိုလ်အဆင့် စာသင်ခန်းထဲတွင် စကားစမြည်ပြောခြင်းနှင့် ပတ်သက်သည်ဖြစ်၍ မေးခွန်းအားလုံးပေါင်း 50 ခု နှင့် ဖြေဆိုချိန် 30 – 40 မိနစ်ထိပေးထားပါသည်။

2. Structure and written expression (grammar) : အင်္ဂလိပ်စာ သဒ္ဒါအပိုင်း(grammar) ကိုစစ်ဆေးခြင်းဖြစ်၍ မေးခွန်းအားလုံးပေါင်း 40 ခု နှင့် ဖြေဆိုချိန် 25 မိနစ်ပေးထားပါသည်။

3. Reading comprehension: ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ဖတ်ခြင်းစွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 50 ခု နှင့် ဖြေဆိုချိန် 55 မိနစ်ပေးထားပါသည်။

4. Writing: ရေးသားခြင်းအပိုင်းမှာ မေးခွန် 1 ခု နှင့် ဖြေဆိုချိန် 30 မိနစ်ပေးထားပါသည်။

နောက်ပိုင်းမှာ TOEFL PBT သည် အရည်အသွေးပိုမို တိုးတက် စံချိန်မြင့်လာအောင် TOEFL CBT (TOEFL Computer-Base Test) ကွန်ပျူတာကိုသုံး၍ ဖြေဆိုခြင်းမျိုးဖြင့် ပြောင်းလဲစစ်ဆေးလာသည့်အတွက် နိုင်ငံအများပိုင်းတွင် TOEFL PBT ကို ပယ်ဖျက်ရုပ်သိမ်းထားကာ ကွန်ပျူတာဖြင့် ဖြေဆိုခြင်းနည်း ခက်ခဲသည့်နိုင်ငံအနည်းငယ်တွင်သာ TOEFL PBTစစ်ဆေးမှုစနစ်ကို ဆက်လက်သုံးစွဲသွားခြင်း ဖြစ်ပါသည်။

 

TOEFL CBT (TOEFL Computer-Base Test) သည် ကွန်ပျူတာကို အသုံးပြု၍ ဖြေဆိုခြင်းနည်းစနစ် 1998 ခုနှစ်ကတည်းက စတင်သုံးစွဲ၍ ထိုနှစ်တွင် ကွန်ပျူတာနည်းပညာပိုင်း စတင်ဝင်ရောက်လာသော ခေတ်လည်းဖြစ်ပါသည်။ TOEFL CBT အမှတ်မှာ 0 – 300 မှတ်ဖြစ်ပြီး ဖြေဆိုချိန်မှာ 3 နာရီ 30 မိနစ်ပေးထားကာ အောက်ပါအပိုင်းပိုင်းများ ပါဝင်စစ်ဆေးသွားခြင်းဖြစ်ပါသည်။

1. Listening comprehension: အင်္ဂလိပ်ဘာသာစကား၏ နားထောင်ခြင်း စွမ်းရည်ကို စစ်ဆေးခြင်းအပိုင်းဖြစ်ပြီး မေးခွန်းအားလုံး 50 ခု နှင့် ဖြေဆိုချိန်မှာ 40 – 70 မိနစ်ဖြစ်ပါသည်။

2. Structure (Grammar): အင်္ဂလိပ်စာ သဒ္ဒါအပိုင်း(grammar)ပိုင်းကို အဓိကထား စစ်ဆေးခြင်းဖြစ်၍ မေးခွန်းအားလုံးပေါင်း 20 – 30 ခု နှင့် ဖြေဆိုချိန်မှာ 15 – 20 မိနစ်ပေးထားပါသည်။

3. Reading comprehension: ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ဖတ်ခြင်းစွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 45 ခု နှင့် ဖြေဆိုချိန် 70 – 90 မိနစ်ပေးထားပါသည်။

4. Essay: ဖြေဆိုသူ၏ အင်္ဂလိပ်စာ ရေးသားခြင်း စွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်ပြီး သတ်မှတ်ပေးထားသော ခေါင်းစဉ်ကို Essay လိုရေးသားပေးရပါသည်။ ပေးထားခေါင်းစဉ်မေးခွန် 1 ခုရှိပြီး ဖြေဆိုချိန် 30 မိနစ်ပေထားပါသည်။

2005 ခုနှစ်နောက်ပိုင်းမှာ ETS စာစစ်ဌာနသည် ခေတ်နှင့်အညီ ကမ္ဘာ့စံချိန်အဆင့်မှီအောင် TOEFL iBT (TOEFL Internet-Base Test) အင်တာနက်အခြေခံစစ်ဆေးဖြေဆိုခြင်းနည်းဟူ၍ အမေရိကနိုင်ငံတွင် ပထမဦးဆုံး စတင်မိတ်ဆက်ပေးပြီးနောက် ကမ္ဘာ့အနှံ့တွင် ယင်းစနစ်ကို စတင်သုံးစွဲလာခြင်း ဖြစ်ပါသည်။

 

TOEFL iBT (TOEFL Internet-Base Test) သည် TOEFL စစ်ဆေးခြင်းကို အင်တာနက်တွင် လုပ်သွားခြင်းဖြစ်၍ အမှတ်ပြည့်မှာ 120 မှတ် နှင့် အောက်ပါ စွမ်းရည်ပိုင်းများ စစ်ဆေးခြင်း ဖြစ်ပါသည်။

1. Reading : မေးခွန်းအားလုံးပေါင်း 36 – 56 ခု နှင့် ဖြေဆိုချိန် 60 – 80 မိနစ်ပေးထားကာ စစ်ဆေးမှုပုံစံမှာ ပညာရပ်ဆိုင်ရာ ဆောင်းပါး 3 – 4 ပုဒ်ထိ ပေးဖတ်ခြင်းဖြစ်ပါသည်။

2. Listening : မေးခွန်းအားလုံးပေါင်း 34 – 51 ခု နှင့် ဖြေဆိုချိန် 60 – 90 မိနစ်ပေးထားကာ စစ်ဆေးမှုပုံစံမှာ Lecture(လက်ရှာ)ပို့ချချက်၊ ဆွေးနွေးချက်ငြင်းဆိုချက်၊ စကားစမြည်ပြောဆိုတုန့်ပြန်ခြင်း၊ နှင့် စာသင်ခန်းထဲတွင် အမေးအဖြေပြောဆိုခြင်း တို့၏အသံကို ပေးနားထောင်၍ စစ်ဆေးသွားခြင်းဖြစ်ပါသည်။

3. Speaking : မေးခွန်းအားလုံးပေါင်း 6 ခု နှင့် ဖြေဆိုချိန် 20 မိနစ်ပေးထားကာ မိမိနှင့်ရင်းနှီးသည့်ခေါင်းစဉ်အကြောင်းအရာတွင် အကြံပြုချက် ပြောဆိုပြပေးရခြင်းမှ ပေးဖတ်သောဆောင်းပါး နှင့် တစ်ခုခုကိုပေးနားထောင်၍ ထို့နောက် ထိုဖတ်ထားလာခြင်း နှင့် နားထောင်လာခြင်းတို့၏ ပတ်သက်သော အကြောင်းအရာကို ဆက်လက် ဖော်ပြဖြေဆိုပေးရပါမည်။

4. Writing : မေးခွန်းအားလုံးပေါင်း 2 ခု နှင့် ဖြေဆိုချိန် 50 မိနစ်ပေးထားကာ စစ်ဆေးမှုပုံစံမှာ ပေးထားသော ဖတ်ကြားခိုင်းခြင်းနှင့် နားထောင်ခိုင်းခြင်းမှ ပတ်သက်သည့်အကြောင်းအရာကို Essay လိုရေးသား ဖြေဆိုပေးရပါသည်။

ဤသို့ဖြင့် TOEFL iBT နှင့် TOEFL CBT တို့သည် စစ်ဆေးမှုပုံစံ များစွာဆင်တူနေသည့်အချက်မှာ ကွန်ပျူတာတွင် စစ်ဆေးဖြေဆိုနည်းဖြစ်သည့်အတွက် စစ်ဆေးမှုပုံစံ ပိုမိုတိကျရှင်းလင်းပြတ်သားသွားစေအောင် ETS မှ 2006 ခုနှစ်တွင် TOEFL CBT စစ်ဆေးမှုစနစ်ကို ရုပ်သိမ်းခဲ့ပါသည်။ သို့သော်လည်းပဲ TOEFL iBT စစ်ဆေးမှုကျင့်သုံးဖို့ ခက်ခဲနေသော ဒေသများတွင် ကျန်ရှိနေသော TOEFL PBT စစ်ဆေးမှုပုံစံကို ဆက်လက်ကျင့်သုံးသွားပါသည်။ TOEFL PBT စစ်ဆေးမှုစနစ်သည် 2017 ခုနှစ်တွင် စစ်ဆေးမှုအရည်အသွေး စံချိန်ပိုမိုမြင့်လာအောင် TOEFL revised Paper – delivered Test ဟု တိုးတက်ပြောင်းလဲသွားပြီး အောက်ပါထူးခြားချက် အနည်းငယ်လေးများ တည်ဆောက်ထားပါသည်။

1. Listening Section : အင်္ဂလိပ်ဘာသာစကား၏ နားထောင်ခြင်း စွမ်းရည်ကို စစ်ဆေးခြင်းအပိုင်းဖြစ်ပြီး ပေးနားထောင်သည့် အကြောင်းအရာမှာ တက္ကသိုလ်အဆင့် စာသင်ခန်းထဲတွင် စကားစမြည်ပြောခြင်းနှင့် ပတ်သက်သည်ဖြစ်၍ မေးခွန်းအားလုံးပေါင်း 34 ခု နှင့် ဖြေဆိုချိန် 60 မိနစ်ထိပေးထားပါသည်။

2. Reading Section : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ဖတ်ခြင်းစွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 42 ခု နှင့် ဖြေဆိုချိန် 60 မိနစ်ပေးထားပါသည်။

3. Writing Section : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ရေးသားခြင်းစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 2 ခု နှင့် ဖြေဆိုချိန်အားလုံးပေါင်း 50 မိနစ်ပေးထားပါသည်။

စစ်ဆေးမှုရှိနေလေ့ဖြစ်သည့် နောက်ထပ် အခြားသော TOEFL စစ်ဆေးမှုအမျိုးအစားတစ်ခုမှာ TOEFL ITP ဖြစ်ပြီး နေရာအနှံ့အပြား အတိုင်းတာတစ်ခု စစ်ဆေးမှုကို ဌာန အဖွဲ့အစည်းများ နှင့် အခြားသောတက္ကသိုလ်များတွင် ကျင်းပပေးလေ့ရှိပြီး ရမှတ်ကို ကျောင်းဆက်တက်ရန်အတွက်လည်းကောင်း၊ အလုပ်လျှောက်လိုရန်အတွက်လည်းကောင်း တင်ပြဖို့ အထောက်အကူဖြစ်စေပါသည်။

 

TOEFL ITP စစ်ဆေးမှုမေးခွန်းမှာ အဆင့် 2 ဆင့်ဖြစ်သည့် Level 1 (intermediate to advanced) နှင့် Level 2 (high beginning to intermediate) ဖြစ်ပြီး အောက်ပါ ဖွဲ့စည်းမှုများတည်ဆောက်ထားပါသည်။

Level 1 (intermediate to advanced) ဖွဲ့စည်းပါဝင်မှုမှာ

1. Listening comprehension : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်ဘာသာစကား၏ နားထောင်ခြင်း စွမ်းရည်ကို စစ်ဆေးခြင်းအပိုင်းဖြစ်ပြီး မေးခွန်းအားလုံးပေါင်း 50 ခု နှင့် ဖြေဆိုချိန် 35 မိနစ်ပေးထားပါသည်။

2. Structure and Written Expression : အင်္ဂလိပ်စာ သဒ္ဒါအပိုင်း(grammar)ပိုင်းကို အဓိကထား စစ်ဆေးခြင်းဖြစ်၍ မေးခွန်းအားလုံးပေါင်း 40 ခု နှင့် ဖြေဆိုချိန်မှာ 25 မိနစ်ပေးထားပါသည်။

3. Reading Comprehension : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ဖတ်ခြင်းစွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 50 ခု နှင့် ဖြေဆိုချိန် 55 မိနစ်ပေးထားပါသည်။
မေးခွန်းအားလုံးစုစုပေါင်း 140 ခု နှင့် ဖြေဆိုချိန် 115 မိနစ်ပေးထားကာ အမှတ်ပြည့် အတိုင်းအတာမှာ 310 – 677 မှတ်ထိဖြစ်ပါသည်။

Level 2 (high beginning to intermediate) ဖွဲ့စည်းပါဝင်မှုမှာ

1. Listening comprehension : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်ဘာသာစကား၏ နားထောင်ခြင်း စွမ်းရည်ကို စစ်ဆေးခြင်းအပိုင်းဖြစ်ပြီး မေးခွန်းအားလုံးပေါင်း 30 ခု နှင့် ဖြေဆိုချိန် 22 မိနစ်ပေးထားပါသည်။

2. Structure and Written Expression : အင်္ဂလိပ်စာ သဒ္ဒါအပိုင်း(grammar)ပိုင်းကို အဓိကထား စစ်ဆေးခြင်းဖြစ်၍ မေးခွန်းအားလုံးပေါင်း 25 ခု နှင့် ဖြေဆိုချိန်မှာ 17 မိနစ်ပေးထားပါသည်။

3. Reading Comprehension : ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ၏ ဖတ်ခြင်းစွမ်းရည်အပိုင်းကို စစ်ဆေးခြင်းဖြစ်၍ မေးခွန်း 40 ခု နှင့် ဖြေဆိုချိန် 31 မိနစ်ပေးထားပါသည်။
မေးခွန်းအားလုံးစုစုပေါင်း 95 ခု နှင့် ဖြေဆိုချိန် 70 မိနစ်ပေးထားကာ အမှတ်ပြည့် အတိုင်းအတာမှာ 200 – 500 မှတ်ထိဖြစ်ပါသည်။

 

TOEFL အမျိုးမျိုး၏အကြောင်းအရာနှိုင်းယှဉ်ဇယား
စစ်ဆေးမှုပုံစံစစ်ဆေးသည့်စွမ်းရည်အမှတ်စာမေးပွဲကြေးကျင်းပသည့်အကြိမ်အခါ
TOEFL PBT– Listening
– Structure and written expression
– Reading
– Writing
310 – 677စစ်ဆေးမှုဖျက်သိမ်းသွားပြီစစ်ဆေးမှုဖျက်သိမ်းသွားပြီ
TOEFL CBT– Listening
– Structure
– Reading
– Essay
0 – 300စစ်ဆေးမှုဖျက်သိမ်းသွားပြီစစ်ဆေးမှုဖျက်သိမ်းသွားပြီ
Revised TOEFL PBT– Listening
– Writing
– Reading
Part တစ်ခုစီအတွက် 0-30
(Part ခွဲအမှတ်သာရှိ၍ စုစုပေါင်းအမှတ်မရှိပါ)
$180ပျမ်းမျှ 1 ကြိမ်/လ
TOEFL iBT– Listening
– Writing
– Reading
– Speaking
0-120နိုင်ငံတစ်နိုင်ငံပေါ်မှာမူတည်ပြီး
များသောအားဖြင့် $300 ထက်မကျော်သင့်ပါ
50 ကြိမ်/နှစ်
TOEFL ITP– Listening
– Structure and written expression
– Reading
Level 1: 310 – 677
Level 2: 200 – 500
နိုင်ငံတစ်နိုင်ငံပေါ်မှာမူတည်ပြီး
များသောအားဖြင့် $300 ထက်မကျော်သင့်ပါ
စာစစ်ဌာနတစ်ခုနှင့်တစ်ခု ကျင်းပသည့်အကြိမ်အခါ ကွဲပြားသွားနိုင်ပါသည်။ များသောအာဖြင့် နေ့စဉ်ကျင့်ပပေးခြင်း နှင့် တစ်လကို 2 – 3 ကြိမ်ထိ ကျင့်ပလေ့ရှိသည်။