fbpx

SAT Chemistry ဆိုသည်မှာ အဘယ်နည်း

SAT Chemistry

SAT Chemistry ဆိုသည်မှာ အဘယ်နည်း

SAT Chemistry ဆိုသည်မှာ SAT Subject Test စစ်ဆေးရေးမေးခွန်းစုထဲတွင် ဘာသာရပ်တစ်ခုပင်ဖြစ်ပြီး ဓါတုဗေဒ ဘာသာရပ်ကျွမ်းကျင်မှုကို စစ်ဆေးလိုသော စစ်ဆေးရေးမေးခွန် စာမေးပွဲတစ်ခုပင်ဖြစ်သည်။ အများအားဖြင့် SAT Chemistry ၏ ရမှတ်ကို အသုံးပြု၍ နိုင်ငံတကာသင်ရိုး တွင် (သို့) နိုင်ငံတကာရှိ ကျောင်းများ တွင် ဓါတုဗေဒဘာသာရပ်နှင့်ဆက်နွယ်သော သိပ္ပံဘာသာရပ်၊ အင်ဂျင်နီယာ စက်မှုပညာရပ်၊ ဆေးပညာရပ်၊ သွားဘက်ဆိုင်ရာပညာရပ်၊ (သို့) ယင်းတို့နှင့်သက်ဆိုင်သော ပညာရပ်များကို ဆက်လက် ပညာတော်သင်သွားလိုသော ကျောင်းသားကျောင်းသူတို့အတွက် ဖြစ်ပါသည်။ မေးခွန်းအားလုံးပေါင်း 85 ခု၊ ရွေးချယ်ဖြေဆိုခြင်းမျိုး ဖြစ်ပြီး ဖြေဆိုချိန် မိနစ် 60 ပးထား၍ အမှတ်မှာ 200 – 800 မှတ်တို့ကြားတွင် ရှိပါသည်။ အမေရိကတွင် စစ်ဆေးရေး စာမေးပွဲအကြိမ်ပေါင်း တစ်နှစ်ကို 6 ကြိမ်ထိရှိ နိုင်ပြီး အာရှပိုင်းနိုင်ငံတို့ဘက်တွင် စစ်ဆေးရေး စာမေးပွဲအကြိမ်ပေါင်း တစ်နှစ်ကို 5 ကြိမ်လောက် ကျင်းပလေ့ရှိသည်။ SAT Chemistry စာမေးပွဲကို စာရင်းသွင်း ဝင်ရောက်ဖြေဆိုလိုပါက SAT Subject Test အုပ်စုထဲရှိ အခြားဘာသာရပ်တို့ကိုလည်း အကြိမ်တူ အများဆုံး 3 ဘာသာအထိသက်မှတ်ထား၍ ဖြေဆိုနိုင်ခွင့် ရှိပါသည်။

 

SAT Chemistry ဖြေဆိုလိုခြင်းစာရင်းသွင်းနည်း

SAT Chemistry ဖြေဆိုလိုခြင်း စာရင်းသွင်းလုပ်ရန်မှာ College Board ဝက်ဘ်ဆိုက် လင့်ခ် https://collegereadiness.collegeboard.org/sat-subject-tests ကိုဝင်ပြီး Register for SAT Subject Tests ခေါင်းစဉ်ကိုရွေးချယ်ပေးပြီးနောက် ဖြေဆိုသူ၏အချက်အလက်များ ဖြည့်စွက်ပေး၍ ဖြေဆိုလိုသော ဘာသာရပ် ၊ စာမေးပွဲအကြိမ်အခါအပိုင်း ရွေးပေးကာ နောက်ဆုံးအဆင့်အနေဖြင့် စာမေးပွဲကြေးကို အွန်လိုင်းငွေပေးချေမှုစနစ် ဖြစ်သည့် Credit Card (သို့) Debit Card ကဒ်တို့ဖြင့်သာ ငွေရှင်းနိုင်ပါသည်။

SAT Chemistry စာမေးပွဲကြေးကို အာရှတိုက်နိုင်ငံပိုင်းတို့အတွက် $101 ထိလောက်ရှိပြီး အကယ်၍ အကြိမ်အခါအပိုင်းတူစာမေးပွဲတွင် အခြားဘာသာရပ်နှင့်ပူးတွဲ ပေါင်း၍ 2 ဘာသာ ဖြေဆိုမှုယူထားလျှင် စာမေးပွဲကြေးမှာ $123 လောက်ဖြစ်ပြီး အကယ်၍ အကြိမ်အခါအပိုင်းတူစာမေးပွဲတွင် အခြားဘာသာရပ်နှင့်ပူးတွဲ ပေါင်း၍ 3 ဘာသာ ဖြေဆိုမှုယူထားလျှင် စာမေးပွဲကြေးမှာ $145 လောက်ဖြစ်ပါသည်။ အမေရိက (သို့) အခြားဒေသ နယ်မြေ တို့အတွက် မတူညီသော စာမေးပွဲကြေး အသီးသီးရှိကြပြီး အချက်အလက်ပိုမိုသိရှိလိုပါက College Board ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

စာမေးပွဲဖြေဆိုခွင့် စာရင်းသွင်း၍ စာမေးပွဲကြေး ငွေရှင်းပြီးသွားပြီးနောက် စာမေးပွဲရက်တွင်မှာ သက်သေပြပေးအနေဖြင့် Admission Ticket ဝင်ခွင့်လက်မှတ်ကို print ထုတ်ယူရမှာဖြစ်ပြီး စာမေးပွဲတွင် ဤဝင်ခွင့်လက်မှတ်နှင့် မှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်(Passport)နှင့်တကွ တွဲပြပေး ဝင်ရောက် ဖြေဆိုရပါမည်။ ဤနေရာမှာ အရေးကြီးဆုံး ဖြစ်သောကြောင့် အကယ်၍ ၄င်းဝင်ခွင့်လက်မှတ်နှင့်မှတ်ပုံတင်(သို့) နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းတို့ မရှိပါက စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်မည်မဟုတ်ပါ။

 

SAT Chemistry စစ်ဆေးရေးမေးခွန်းပိုင်း အကြောင်းအရာပါဝင်မှု ခြုံငုံကြည့်ခြင်း

SAT Chemistry စစ်ဆေးသည့်မေးခွန်းထဲမှာ ပထမအများဆုံးမေးလေ့ရှိသည့် ခေါင်းစဉ်မှာ ဒြပ်၏ဖွဲ့စည်းတည်ဆောက်ပုံ (Structure of matter) သည် 25% ထိပါဝင်လေ့ရှိပြီး အက်တမ်၏ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း (Atomic Structure) ၊ မော်လီကျူး၏ဖွဲ့စည်းတည်ဆောက်ပုံ (Molecular Structure) နှင့် ဓါတုဒြပ်တို့၏စည်းနှောင်မှု(Bonding)အကြောင်း တို့အပါအဝင် ဖြစ်သည်။ ဒုတိယအများဆုံးမေးလေ့ရှိသည့် ခေါင်းစဉ်မှာ ဒြပ်၏အခြေအနေ (States of matter) သည် 16% ပါဝင်ပြီး ဓါတ်ငွေ့၊ အရည်၊ အရည်ခဲ၊ သတ္တုအမာ နှင့် ပျော်ဝင်ဓါတ်ပစ္စည်း တို့အပါအဝင် ဖြစ်သည်။ နောက်ထပ် 14% ပါဝင်သည့်ခေါင်းစဉ်မှာ ဓါတ်ပြုမှုအမျိုးအစား(Reaction types) ဖြစ်ပြီး အက်စစ် နှင့် ဘေ့စ်၊ ဓါတ်တိုးဖြစ်စဉ်(Oxidation reaction) ၊ ဓါတ်လျှော့ဖြစ်စဉ်( Reduction reaction) နှင့် အနည်ကျခြင်းအကြောင်း တို့အပါအဝင် ဖြစ်သည်။ နောက် 14% အတူတူမေးလေ့ရှိသည့် ခေါင်းစဉ်မှာ ဓါတ်ပြုခြင်းများတွင်ပါဝင်သော အရာများ၏ ပမာဏကိုလေ့လာခြင်းအကြောင်း (Stoichiometry) မှာဆိုလျှင် ညီမျှခြင်းညှိနှိုင်းခြင်း(Balance of chemical equations) နှင့် Mole အကြောင်း တို့အဓိကအလေးပေး ပါဝင်လေ့ရှိသည်။ Descriptive chemistry အကြောင်းကို 12% ပါဝင်ထားသောကြောင့် ခေါင်းစဉ်များ ပါဝင်မေးခဲ့လေ့ရှိသည့် ရာခိုင်နှုန်းအချိုးအဆကို လေ့လာတွေ့ရှိနိုင်ပါသည်။ နောက်အနည်းငယ်သာ ပါဝင်မေးလေ့ရှိသည့် အကြောင်းမှာ ဓါတ်ခွဲခန်းအကြောင်း၊ သက်ဆိုင်ရာပစ္စည်းကိရိယာ၊ စမ်းသပ်လေ့လာမှု အဆင့်ဆင့်၊ ရလဒ်တိုင်းတာခြင်း ဖတ်ရှုခြင်းတို့ဖြစ်ကြပြီး အချက်အလက် ပိုင်းခြားစိတ်ဖြာ ကြည့်ခြင်းအကြောင်းသည် 8%၊ Thermochemistry အကြောင်းသည် 6%၊ နှင့် Chemical equilibrium အကြောင်းသည် 5% တို့အသီးသီး ပါဝင်လေ့ရှိသည်။

 

Tags: